Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝါဆိုလပြည့်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ဦးခန္တီဘုရားဝင်းအတွင်းတွင် သံဃာတော် (၈၂၀) ပါး စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပ
Jul 10,2025
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ရှိ ဦးခန္တီဘုရားဝင်းအတွင်းတွင် ယနေ့နံနက် (၆:၃၀) နာရီက သံဃာတော် (၈၂၀) ပါးတို့အား စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ရာ ပြင်ဦးလွင်တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ၂၄ ကြိမ်မြောက် ဝါဦး ဆွမ်း၊ လှူဖွယ်ပစ္စည်းမျိုးစုံ ဆက်ကပ်လှူဒါန်း
Jul 10,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ခြောက်ရပ်ကွက်မှ ရပ်ကွက်အစဉ်လိုက်၊ ရက်အစဉ်လိုက် အလှည့်ကျရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများက ဝါတွင်းဝါဆိုတော်မူကြသော ဆရာတော်၊ သံဃာတော်၊ သာမဏေများ ဆွမ်း၊ ဘောစဉ်များ လွယ်ကူအဆင်ပြေစေရန် နှစ်စဉ်ဝါတွင်းကာလအတွင်း လောင်းလှူလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၇ခု၊ ၂၄ ကြိမ်မြောက် ဝါဦးပထမရက် အလှည့်ကျဘုရင့်နောင်ရပ်ကွက် လောင်းလှူခြင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ဝေပုလ္လစာသင်တိုက်၊ စုရပ်နေရာတော်မှ စတင်၍ အလှူခံကြွချီတော်မူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန်ကန်မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းတွင် ရဟန်းသာမဏေအပါး(၅၀)အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 10,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မန်ကန်မြို့ မြို့မဘုန်းကြီးကျောင်းတွင် (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီးဌာနဆိုင်ရာများနှင့် ဒေသခံအလှူရှင်များ တက်ရောက်၍ ရဟန်းသာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်
Jul 10,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတ တိုးပွားစေရန်၊ စာပေဖတ်ရှုသည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၁၂ နာရီခွဲအချိန်က ၂၀၂၃ ခုနှစ် ဧပြီလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝါဆိုလပြည့်နေ့တွင် ကရင်ပြည်နယ်ဝါဆိုလပြည့်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ရဟန်း၊ သာမဏေ၊ သီလရှင် ၃၉၆၉ ပါးတို့အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 10,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် (၂၂) ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင် ၉ ရက်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြည်ညို၍ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၃၉၆၉ ပါးတို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်း
Jul 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က Mobile Library စနစ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်း
Jul 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)မြို့မ အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က မိုဘိုင်း Library စနစ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်၌ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များမှ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 10,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များမှ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3807
Page
3808
Page
3809
Page
3810
Current page
3811
Page
3812
Page
3813
Page
3814
Page
3815
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department