Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟိုင်းကြီးကျွန်းမြို့အဝင်နုန်းတား ကျောက်စီလှိုင်းကာ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး၊ ကျောက်ချောင်းတိုက်နယ်ဆေ…
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အဝင် ရေလမ်း ကောင်းမွန်ရေးအတွက် ဟိုင်းကြီးချောင်းအဝတွင် နုန်းအနည်အနှစ်များ ကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် နုန်းတားကျောက်စီလှိုင်းကာ အလျား ၅၅၀ ပေ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ရေအရင်း အမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက နုန်းတားကျောက်စီလှိုင်းကာ ဆောင်ရွက်ပြီးစီးမှုေကြာင့် ဟိုင်းကြီး ချောင်းဝတွင် နုန်းအနည်အနှစ်များ ကျရောက်မှုကို တားဆီးပေးနိုင်မှု၊ ဟိုင်းကြီးချောင်းအတွင်း ရေယာဉ်များ၀င်ထွက်သွားလာရာတွင် ပိုမိုအဆင်ပြေလွယ်ကူမှု အခြေအနေများအား ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးရာသီရေများချိန်တွင် နုန်းတားကျောက်စီ လှိုင်းကာ၏ ကြံ့ခိုင်မှုကို စဥ်ဆက်မပြတ်စောင့်ကြည့်၍ လိုအပ်ပါကအချိန်မီပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ ဆီထွက်သီးနှံ မိုးမြေပဲ ၄၆၉ ဧက စိုက်ပျိုးပြီးစီး
Jul 10,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ မိုးမြေပဲ ၆၇၇ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၄၆၉ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ဉာဏဖွံ့ဖြိုးစေရန်နှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက်၌ ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ
Jul 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက်နေ မိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဓမ္မမိတ်ဆွေသူတော်စင်များ၏ ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက် ရာဇသင်္ကြန်လမ်းရှိ (၁၁)ရပ်ကွက်လုံးဆိုင်ရာ သာသနာ့ဟိတ ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
Jul 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နယ်မြေခံတပ်ရင်းတပ်ဖွဲ့ စာကြည့်တိုက်ရှိ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ယနေ့မွန်းလွဲ ၁နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး၊ ပရိတ်တရ…
Jul 10,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်း၌ ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော် မြတ်ကြီးသို့သွားရောက်၍ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးခဲ့ပြီး သဲဖြူနှင့် မဟာမြိုင်တောရဆရာတော်ကြီးထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းလုပ်ငန်း(၁၆)ခုနှင့်တံတားလုပ်ငန်း(၃)ခု ဆောင်ရွက်
Jul 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များနှင့် ထုတ်ကုန်လုပ်ငန်းများ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူနိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းတံတားများကို ရာသီမရွေးသွားလာနိုင်ရေး နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် လမ်းလုပ်ငန်း (၁၆) ခုနှင့် တံတားလုပ်ငန်း (၃) ခု စုစုပေါင်း (၁၉) ခု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3806
Page
3807
Page
3808
Page
3809
Current page
3810
Page
3811
Page
3812
Page
3813
Page
3814
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department