ဂန့်ဂေါမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ဂန့်ဂေါ ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများကို ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်း (၇)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းဆင့်(၁၀)ဦး၊ အလယ်တန်းဆင့်(၁၀)ဦး၊ မူလတန်းဆင့်(၁၂)ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းဆင့်(၈)ဦး၊ အလယ်တန်းဆင့်(၁၀)ဦး၊ မူလတန်းဆင့်(၉)ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းဆင့်(၇)ဦး၊ အလယ်တန်းဆင့်(၁၀)ဦးနှင့် မူလတန်းဆင့်(၁၂)ဦးဖြင့် ကျောင်းသား/ကျောင်းသူ(၈၈)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မောင်မျိုးမင်း