Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြို့ပင်ကောက်မြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဥဩဆွဲခြင်း အစီအစဉ် ပြုလုပ်
Jul 19,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩဆွဲခြင်း အစီအစဉ်ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီး၍ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြို့နယ်အတွင်း နေရာငါးနေရာတွင် တစ်ပြိုင်တည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း၏ငယ်ဘဝ ဖြစ်စဥ်များမှ နိုင်ငံရေး ကြိုးပမ်းလှုပ်ရှာ…
Jul 19,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြခန်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဖြစ်စဉ်များမှစ၍ နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံများကို ယနေ့တွင် ခင်းကျင်းပြသရာ လာရောက်ကြည့်ရှုကြသည့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၂၅)နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲမှ (ပထမဆု) အောင်ပွဲရ ကစားသမားများအား ဂ…
Jul 19,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၂၅)နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲမှ (ပထမဆု) အောင်ပွဲရ ကော့သောင်းမြို့နယ် ကိုယ်စားပြု ကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်၌ ရေဘေးအန္တရာယ် အသိပညာပေး ကျင်းပ
Jul 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ် ကြုံတွေ့ပါက မှန်ကန်သော နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်စေရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကျေးရွာများသို့ ဆက်သွယ်သွားလာနေကြသည့် စျေးရပ်ကွက် သင်္ဘောဆိပ်နှင့် ကူးတို့ဆိပ်များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ သဘာဝဘေးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 19,2025
မွန်ပြည်နယ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အရ ရေးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် သဘာဝဘေးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့က အ-ထ-က(၃) နှင့် အ-မ-က(၆)တို့၌ ကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ ဆန်နှင့်ကြက်ဥများကို စျေးနှုန်သက်သာစွာရောင်းချပေး
Jul 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ အမှတ်(၁) ရပ်ကွက်တွင် စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် ယနေ့နံနက်က စားအုန်း ဆီ၊ဆန်နှင့်ကြက်ဥများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံ-တာဆန်းသွားလမ်း ပခုံးမြေသားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး
Jul 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုရရန်ပုံငွေ (၂၉.၅၀)သန်းဖြင့် မိုင်းတုံ-မိုင်းတာဆန်းသွားလမ်းရှိ 235km- 235.63km အတွင်း အရှည် (၈၂၀)ပေ ဘေးဝဲယာရှိ လမ်းပခုံးမြေသားများ ပဲ့ကျသောနေရာအား မျောတုတ်ရိုက်ခြင်းလုပ်ငန်းကို လမ်းအထူး(၃)အဖွဲ့မှ ဦးဆောင်၍ စတင်ဆောင်ရွက်နေမှု အခြေအနေအား မြို့နယ် တည်ဆောက်ရေး လုပ်ငန်းများ ကြီကြပ်မှုကော်မတီဥက္ကဋ္ဌ ဦလွင်မိုး၊ အတွင်းရေးမှူး ဦးရဲအောင်နိုင် (ဦးစီးအရာရှိ၊ မြို့ပြ) လမ်းအထူး(၃) ဦးဆန်းထွန်းဝင်း (အငယ်တန်း အင်/ယာ-၂ မြို့ပြ)တို့ ပူးပေါင်း၍ ယမန်နေ့ (၁၃:၃၀)နာရီအချိန်က ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လမ်းအထူး(၃) မှ ဦးဆန်းထွန်းဝင်း (အငယ်တန်း အင်/ယာ-၂ မြို့ပြ)နှင့် တာဝန်ရှိသူက လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်
Jul 19,2025
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် သရက်မြို့နယ် လေးတိုင်စင်ကျေးရွာ၊ ကုလားစုကျေးရွာနှင့် ရေပေါ်ကျွန်းကျေးရွာတို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြောင်းရွှေ့ အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၇)ဦးတို့အတွက် ထောက်ပံ့ပေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီက စံပုံတင်ဘုန်းတော်ကြီးကျောင်းအတွင်း ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3764
Page
3765
Page
3766
Page
3767
Current page
3768
Page
3769
Page
3770
Page
3771
Page
3772
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department