တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၂၅)နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲမှ (ပထမဆု) အောင်ပွဲရ ကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ

ကော့သောင်း ဇူလိုင် ၁၉

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၂၅)နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲမှ (ပထမဆု) အောင်ပွဲရ ကော့သောင်းမြို့နယ် ကိုယ်စားပြု ကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များက အောင်ပွဲရ ကော့သောင်းမြို့နယ်ကိုယ်စားပြု ကစားသမားများ၊ နည်းပြများနှင့် ကြီးကြပ်ရေးအဖွဲ့များနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ခဲ့ကြသည်။ ယင်း‌နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး သက်နိုင်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၂၅)နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲမှ (ပထမဆု) အောင်ပွဲရ ကစားသမားများအား ဂုဏ်ပြုစကားပြောကြား၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် ကော့သောင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဖူဆယ်အသင်းတာဝန်ခံတို့က ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၂၅)နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲကို ထားဝယ်မြို့ ဖူဆယ်အားကစားခန်းမတွင် ဇူလိုင်လ (၇)ရက်နေ့မှ (၁၀)ရက်နေ့ထိ ကျင်းပခဲ့ပြီး မြို့နယ်အသင်း (၈)သင်းဖြင့် အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲပြိုင်ပွဲတွင် ကော့သောင်းမြို့နယ်အသင်းမှ လောင်းလုံးမြို့နယ်အသင်းကို (၅-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)