ငပုတောမြို့နယ်၌ ရေဘေးအန္တရာယ် အသိပညာပေး ကျင်းပ

ငပုတော ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ် ကြုံတွေ့ပါက မှန်ကန်သော နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်စေရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကျေးရွာများသို့ ဆက်သွယ်သွားလာနေကြသည့် စျေးရပ်ကွက် သင်္ဘောဆိပ်နှင့် ကူးတို့ဆိပ်များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်း‌အောင်ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ရေလမ်းခရီးအား အသုံးပြုနေကြသည့် ခရီးသွားပြည်သူများအား ရေဘေးအန္တရာယ် ကြုံတွေ့ပါက အသက်အင်္ကျီများ စနစ်တကျ ဝတ်ဆင်ပုံ၊ နီးစပ်ရာတွင် အသုံးပြုနိုင်သည့် အသက်ကယ်ပစ္စည်းများဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးတွင်းကာလ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် အခြားသောအန္တရာယ်များ ကျရောက်လာပါက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်နှင့်အညီ မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး တပ်စုတစ်စုအား မြို့နယ်မီးသတ်ဦးစီးအရာရှိ  ဦးမင်းအောင် ဦးဆာင်မှုဖြင့် တပ်ဖွဲ့ဝင် ၃၅ ဦးပါဝင်သော အဖွဲ့အား ဖွဲ့စည်းထားရှိပြီး ဘေးအန္တရာယ်ကြုံတွေ့ပါက အချိန်မရွေး အကူအညီတောင်ခံနိုင်ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)