အမြို့မြို့အနယ်နယ်သတင်းများ

Jul 21,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်ရုံးအတွင်း ယနေ့နံနက် (၇) နာရီ ၃၀ မိနစ်အချိန်ကစတင်ကာ နိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်စားများအား ပင်စင်ထုတ်ယူရာ၌ အခက်အခဲမရှိ လွယ်လင့်တကူထုတ်ယူနိုင်စေရန်၊ နံပါတ်(၁၀)လုံးပါ UID ကတ်များကို နေ့ချင်းပြီး ကွင်းဆင်း၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jul 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက လှည်းကူးပညာရေးဒီဂရီကောလိပ်ရှိ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 21,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇူလိုင်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၅ နာရီက စတင်၍ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုမောင်က အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ကို ယူကြမည့်လူငယ်များ အလုပ်အကိုင်၊ အတွေးအခေါ်၊ အယူအဆများမှန်ကန်စေရန် စသည်ဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကားပြောကြားခဲ့ပြီး အမှတ် (၂) အခြေခံပညာအထက်တန်းမှ ဆရာဦးလင်းမောင်မောင်ထွန်းက စာဖတ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
Jul 21,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူခြင်းနှင့် လစဉ်ပင်စင်ထုတ်ရက်တိုင်း ပြည်မြို့ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ အခမဲ့ကျန်းမာ‌ရေးစောင့်ရှောက်မှုခံယူရန် လာရောက်ကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် smart card များ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ပေးကြသည်။
Jul 21,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို လစဉ်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်ကစတင်ပြီး ဆက်လက်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
Jul 21,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၈၉၉၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jul 21,2025
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပုံမှန် ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့တွင်လည်း ဆက်လက် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။