Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မအူပင်မြို့နယ်တွင် ဖူးသစ်ဝေအထွေထွေရောင်းဝယ်ရေး သမဝါယမလီမိတက် ၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနား ကျင်းပ
Jul 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ ဖူးသစ်ဝေအထွေထွေရောင်းဝယ်ရေး သမဝါယမလီမိတက် ၂၀၂၄-၂၀၂၅ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားအား ယနေ့မွန်းလွဲ (၁) နာရီက အမှတ် (၂) ရပ်ကွက် ဆွမ်းချက်ဓမ္မာရုံအတွင်း ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကွင်းဆင်းကောက်ယူခြင်းများ ဆောင်ရွက်ပေးလျက…
Jul 20,2025
“လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric စာရင်းကောက်ယူခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်
Jul 20,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီး ကျေးရွာများဖြစ်သည့် သံကိုင်းကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာ၊ မြင်းခြံစုကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့်ဆည်မုန်းကျေးရွာတို့တွင် မြစ်ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ရာ ယနေ့တွင် မြစ်ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဓမ္မာရုံတွင် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပ
Jul 20,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီက မိုင်းဆတ်ခရိုင် ရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်နှင့်မိသားစုများ၏ လှူဒါန်းမှုဖြင့် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပူဇော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပ
Jul 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်လူရွယ်များ စာပေအသိပညာ ဖွံ့ဖြိုးစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မြဲစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီက စာရေးဆရာကြီး အောင်သင်း ရေးသားသည့် “လူငယ်များသို့မင်္ဂလာပါ” စာအုပ်အား လူငယ်လူရွယ် စာပေဝါသနာရှင်များကို ဖိတ်ခေါ်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Jul 20,2025
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်အတွင်း Kubota (၆) တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Jul 20,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း ဒေသခံတောင်သူများအနေဖြင့် Kubota (၆) တန်းသွား ကောက်စိုက်စက်ကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု အခက်အခဲကို ဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများကို စိုက်ပျိုးနိုင်ခြင်းနှင့် စကးပါးအထွက်နှုန်း ကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာ ရရှိစေရန် ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း Kubota (၆) တန်းသွား ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာ၊ ကွင်းအမှတ် (၂၆၀၀)၊ ဦးပိုင်အမှတ် (၁) ရှိ ဒေသခံတောင်သူ ဦးသန်းလွင်၏ လယ်မြေ (၂) ဧက အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Jul 20,2025
မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်တက္ကသိုလ် အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ဖူဆယ် ဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3754
Page
3755
Page
3756
Page
3757
Current page
3758
Page
3759
Page
3760
Page
3761
Page
3762
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department