အမြို့မြို့အနယ်နယ်သတင်းများ

Jul 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁၄) ပန်အူအခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ကွင်းဆင်းငှားရမ်းဖတ်ရှုစေခဲ့ကြောင်း သိရသည်။
Jul 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန် အဆိုပါကျောင်းတွင်ပြုလုပ်ခဲ့သည်။
Jul 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှစတင်၍  ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း  ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jul 21,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များကဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Jul 21,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သမိုင်းဝင်ဖောင်တော်ချက်မစေတီတော်မြတ်ကြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရာ ပြန်လည်ပြုပြင်မွမ်းမံနိုင်‌ရေး တတိယအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုး တက်ရောက်သည်။
Jul 21,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင်  ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ ကွင်းအမှတ်(၁၆၂၀) ယာယီရှင်းလင်းဆောင်တွင် တောင်သူများနှင့်တွေ့ဆုံ၍ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဩဇာကို အဓိကထားသုံးစွဲရေးနှင့် တောင်သူများ  သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး၊ မြေပြုပြင်ရာတွင် စံချိန်မှီအောင်ပြုပြင်နိုင်ရေး၊  အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း၊ မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပေါ်ဆန်းနှင့် အောင်နိုင်တိုးစပါးမျိုးများကို အဓိကထားစိုက်ပျိုးနိုင်ရေး၊  ကြဲခင်းစနစ်ပပျောက်အောင် မျိုးစေ့ချကိရိယာနှင့် လက်ဆွဲကောက်စိုက်စက်များ အသုံးပြုစိုက်ပျိုးရေးတို့ကို မှာကြားသည်။
Jul 21,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြို့ပေါ်ခြောက်ရပ်ကွက်မှ ဝါတွင်းကာလ ဆွမ်းလောင်းလှူပွဲကြီးသည် ဝါဆိုလပြည့်နေ့မှစတင်၍ သီတင်းကျွတ်လပြည့်နေ့ထိ ရပ်ကွက် အလိုက်၊ ရက်အစဉ်ဖြင့် နှစ်စဉ်ကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ်၊ ဝါတွင်းကာလ(၂၄)ကြိမ်မြောက် မြဝတီရပ်ကွက်၊ သံဃာ့ဒါနဆွမ်းလောင်းလှူနိုင်ရေး ညှိနှိုင်းခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ကျင်းပ​ခဲ့သည်။
Jul 20,2025
မတ် ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ရောင်တော်ဖွင့်ခြင်း၊ သန့်စင်ခြင်း၊ ချေးချွတ်ခြင်း၊ စေတီတော်မြတ်ကြီးအား ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အထွဋ်မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဂန္တဝင်ကိုးခန်းသိမ်တော် ယာယီစံကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြောင်း သိရသည်။