အမြို့မြို့အနယ်နယ်သတင်းများ

Aug 03,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ လွိုင်လကျေးရွာအုပ်စု၊ လွိုင်လကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါကျေးရွာဘုန်းကြီးကျောင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 03,2025
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးများကို စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မိုးရွာသွန်းမှုအခြေနေမှာပိုမို၍စိုက်ပျိုးရန်အတွက် အခြေအနေကောင်းသောကြောင့် မိုးစပါးများကိုနေ့စဉ် ဆက်လက်စိုက်ပျိုးလျက်ရှိသည်။
Aug 03,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်နှင့်အတူ မီးလောင်ပျက်စီးခဲ့သော မန္တလေးက္ကသိုလ်ပင်မဆောင် အဆောက်အအုံနှင့် ထိခိုက်ပျက်စီးခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Aug 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ ဒေသတွင်း စိုက်ပျိုးရေကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားရေးအတွက် တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းများကို ဥယျာဉ်ဇင်ကျေးရွာ၊ သိမ်ကုန်းရှေ့တန်းစခန်းဝင်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း မင်းဘူးခရိုင်စိုက်ပျိုးရေးစီးဌာနမှ သိရသည်။
Aug 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးတွင်ပညာသင်ကြားနေသည့် ရဟန်းသံဃာများနှင့်သီလရှင်ဆရာလေး အပါး(၄၀၀)ကျော်အား စုပေါင်းအာရုံဆွမ်းလောင်းလှူပွဲကို စလင်းမြို့ သာသနဟိတဆွမ်းလောင်းအသင်းမှ ဦးဆောင်ကြီးကြပ်၍  ယနေ့ ၁၃၈၇ ခုနှစ်  ဝါခေါင်လဆန်း၁၀ရက်  ၅ နာရီ ၃၀ မိနစ်အချိန်က စျေးမရပ်ကွက် သာသနဟိတဆွမ်းလောင်းအသင်းကြီးရှေ့တွင်စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။
Aug 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
Aug 03,2025
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘားအံခရိုင်အတွင်းသို့ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်ပွဲသို့ တက်ရောက်၍ ဘားအံခရိုင်အတွင်း ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု (၉၅၉၀)စု၊  လူဦးရေ(၄၀၂၈၄)ဦးအတွက် ၂၀၂၅ ခုနှစ် ဧပြီ၊မေ၊ဇွန်(၃)လ အတွက် တစ်ဦးလျှင်တစ်လနှစ်သောင်းကျပ်နှုန်းဖြင့် (၃)လစာထောက်ပံ့ငွေကျပ် ၂၄၁၇၀၄၀၀၀ဝိ/-(နှစ်သောင်းလေးထောင်တစ်ရာ့ခုနှစ်ဆယ်သိန်းလေးသောင်းကျပ်)ကို ထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။