Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲ ပြုလုပ်
Aug 03,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စုရှိ ကွင်းအမှတ် ၅၇၀(ခ)ရှိ တောင်သူဦးမြင့်မောင်နှင့် ဦးသိန်းဝင်းတို့၏ လယ်မြေများပေါ်တွင် ယမန်နေ့က အမရပူရမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ဦးဆောင်၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူနည်းပညာပေး သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)သုံးယောက်တွဲ အဖွဲ့လိုက်အုပ်စုပတ်လည်ပြိုင်ပွဲများဆက်လက် ကျင်းပ
Aug 03,2025
ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)သုံးယောက်တွဲအဖွဲ့လိုက်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှပြိုင်ပွဲကျင်းပရေးဆိုင်ရာတာဝန်ရှိသူများ၊ဌာနဆိုင်ရာများမှအကြီးအကဲများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးနှင့် ဥပဒေပါအကြောင်းအရာများ အသိပညာပေးဟောပြော
Aug 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးနှင့် ဥပဒေပါအကြောင်းအရာများ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အလံပါယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် ဇရပ်ကြီးကျေးရွာတို့၌ ကွင်းဆင်း၍ ဟောပြောခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက် ရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ်ဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Aug 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက် ရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ်ဖြင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၇)နာရီ၌ ဦးပုညလမ်း၊ အမှတ်(၈)ရပ်ကွက်ရုံးတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တွံတေးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
Aug 03,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များများသည် ယမန်နေ့နံနက်ပိုင်းက တွံတေးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး ကတ္တရာ ကွန်ကရစ်(AC)လမ်းပုခုံးပဲ့ကျမှုနှင့် လမ်းသားပဲ့ကျမှုများခဲ့သည် တုံတာမြို့တွင်…
Aug 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၊ တုံတာမြို့တွင်း ကတ္တရာကွန်ကရစ်(AC)လမ်းသည် ဇူလိုင် ၃၀ ရက်က မိုးသည်းထန်စွာရွာသွန်း၍ နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် လမ်းပုခုံးပဲ့ကျမှုနှင့်လမ်းသားပဲ့ကျမှုများဖြစ်ပေါ်ခဲ့ပြီး ယာဉ်ကြီး/ယာဉ်ငယ်များ အဆင်ပြေပြေချောမွေ့စွာသွားလာနိုင်ရေး လမ်းအထူးအဖွဲ့(၃)နှင့် တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိရာ ကုန်စည်စီးဆင်းမှုပျက်တောက်မှုမရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် (၆)ပေါက်တန်း ခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ…
Aug 03,2025
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် (၆)ပေါက်တန်း ခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေပယ်(ထက်)-ရေဦး(မြောက်) ကျောက် ချောလမ်း (၀/၄)မိုင် လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်
Aug 03,2025
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ဒေသတွင်းရှိကျေးလက်ဒေသနေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်ဒေသဖွံဖြိုးတိုးတက်စေရေးအတွက် ကျေးရွာချင်းဆက်လမ်းများနှင့် တံတားများတည်ဆောက်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနသည် ဩဂုတ်(၃)ရက်နေ့တွင် ရေပယ်(ထက်)-ရေဦး(မြောက်) ကျေးရွာချင်းဆက် ကျောက်ချောလမ်း လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3666
Page
3667
Page
3668
Page
3669
Current page
3670
Page
3671
Page
3672
Page
3673
Page
3674
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department