အမြို့မြို့အနယ်နယ်သတင်းများ

Aug 04,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Aug 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ပညာ့တံခွန် ငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို အ.ထ.က(စဉ့်ကိုင်)ကျောင်းရှိ သဇင်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Aug 04,2025
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပွင့်ဖြူမြို့၌ မြို့တွင်းဖြတ်သန်းသွာလာသော မော်တော်ယာဉ်များအား မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 04,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အသေးစားချေးငွေလုပ်ငန်းမှ ငွေချေးသူများကို ဆန်နှင့် ဆီပေးအပ်ပွဲကို ယမန်နေ့က အဆိုပါချေးငွေရုံးတွင် ကျင်းပခဲ့သည်။
Aug 04,2025
တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းကဏ္ဍ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပင်လယ် ငါးသယံဇာတစီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့သည်။
Aug 04,2025
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ထီရိကျေးရွာဣစ္ဆာသယဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော် ဦးဝိသုဒ္ဓအား ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ ဆက်ကပ်လှူဒါန်းသည်။
Aug 04,2025
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူ၍ UID (Unique Identification Number) နံပါတ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေးမြို့နယ် ဦးစီးမှူးရုံး၌ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းနှင့် ဝန်ထမ်းများက တောင်ဘုံကျေးရွာသူ၊ ကျေးရွာသားများအား ဆက်လက်ဆောင်ရွက်ပေးသည်။
Aug 04,2025
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်၌ မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့များတို့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ကြသည်။