အမြို့မြို့အနယ်နယ်သတင်းများ

Aug 26,2020
လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် လူမှု၀န်ထမ်းဦးစီးဌာနမှ ပြုလုပ်သည့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီအချိန် ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
Aug 26,2020
မြိတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အိမ်တိုင်ရာရောက်စစ်ဆေးခြင်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများကို ပူးပေါင်း၍ အဖွဲ့ (၈) ဖွဲ့ခွဲကာ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Aug 26,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရာသုံးဆူမြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ပြည်သူများသိရှိနိုင်ရေးအတွက် ကျေးလက်ကျန်းမာရေးဌာနမှ ရပ်ကွက်အတွင်းသို့ အသံချဲ့စက်များဖြင့် ယမန်နေ့ညနေ ၅ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Aug 26,2020
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ရရှိနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု(၅၁)အုပ်စုတို့မှ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားလာသော မဲဆန္ဒရှင် စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တာဝန်ရှိသူများက စိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Aug 26,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Aug 26,2020
ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက်က ဂန့်ဂေါမြို့နယ် အနောက်ဂန့်ဂေါကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီ တွင် ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့် လေပြင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေး နိုးဆော်ခြင်းများကို Hand Speaker အသုံးပြု၍ အသိပေးကြေညာကြသည်။
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင်းရှိ အခြေခံပညာအထက်တန်းအဆင့် ကျောင်းများ ဖွင့်လှစ်သင်ကြားရာတွင်  ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး နေ့စဉ်ဆန်းစစ် ပုံစံထားရှိမှု များအား  ယမန်နေ့ နေ့လယ်ပိုင်းက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။