အမြို့မြို့အနယ်နယ်သတင်းများ

Aug 20,2024
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စု ဘုန်းတော်ကြီးများဦးဆောင်ဖွင့်လှစ်သင်ကြားပိုချသော ဧကာဒသမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း စာအောင်ဆုနှင်းသဘင်အခမ်းအနားကိုယမန်နေ့ နံနက်(၈)နာရီက မိုင်းသောက်ပထမစာသင်တိုက် အောင်ရတနာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Aug 20,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ် ပြည်သူများ သိရှိစေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီခွဲက ပွင့်ဖြူမြို့နယ် မြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နားဟီးကျေးရွာအုပ်စု၊ နောင်စန့်ကျေးရွာတွင် ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
Aug 19,2024
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အထိမ်းအမှတ် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသွေးလှူဒါန်းပေးကြသည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)အသင်းဝင်များအား မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြု ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများကို ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် စုပေါင်းသွေးလှူဒါန်းခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
Aug 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်တွင် စာပေချစ်မြတ်နိုးသူများနှင့် Women Club အသင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Aug 19,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အခြေခံစားသုံးကုန် စားအုန်းဆီများကို ပြည်သူများအနေဖြင့် စျေးနှုန်းသက်သာစွာ ၀ယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စျေးနှုန်းတည်ငြိမ်ရေးကော်မတီအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ဆီကုန်သည်ကြီးများအသင်းတို့ပူးပေါင်းကာ သင့်တင့်မျှတသောစျေးနှုန်းတို့ဖြင့် ရောင်းချနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Aug 19,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ယမန်နေ့ညပိုင်းက ရေတာရှည်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေများ အလုံးအရင်းဖြင့် စီးဆင်းလာမှုကြောင့် သာဂရ-ကိုးပင်လမ်းမိုင်တိုင်အမှတ် (၉/၅) နှင့် (၉/၆)အကြား ဂုံမင်းကွင်းကျေးရွာအုပ်စု၊ (၉)မိုင်ကျေးရွာအနီးရှိ သိုင်းချောင်းမှ ရေများတိုက်စား၍ သာဂရ-ကိုးပင်လမ်းတာဘောင်(ကမ်းပါး)ဝဲဘက်ခြမ်း အလျား (၄၀၀)ပေ၊ အနံ (၈)ပေ၊ အမြင့် (၃၀)ပေ ခန့် (၁)နေရာ တာဘောင်ပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး ကတ္တရာလမ်းသားအနီး လမ်းဘေး(၁)ပေခန့်သာကျန်ရှိကြောင်း တာဝန်ရှိသူများ၏ စစ်ဆေးတွေ့ရှိချက်အရ သိရသည်။
Aug 19,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ဒေသခံပြည်သူများအား အာဟာရဖွံ့ဖြိုးရေးအတွက် ရက်သတ္တပတ်လှုပ်ရှားမှုများကို ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ မိခင်ကလေးကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနနှင့်ဌာနခွဲများ၊ ရပ်ကွက်/ကျေးရွာများ၌ ဆောင်ရွက်လျက်ရှိရာ မိခင်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနား ဆောင်ရွက်ခဲ့ကြသည်။