အမြို့မြို့အနယ်နယ်သတင်းများ

Sep 30,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်လာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ကြော်ငြာဘုတ်များ၌ ကပ်ထားလျက်ရှိကြောင်း သိရသည်။
Sep 30,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များ၊   ရပ်ကွက်နှင့်ကျေးရွာများ၌ ကြေညာထားရှိသည်။
Sep 30,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးပြပွဲကို ယနေ့နံနက်ပိုင်းက အ.မ.က(ဈေးရပ်)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 30,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင်တည်ရှိသည့် ကြက်မောက်တောင်ရေ လှောင်တမံကို ရုရှား-မြန်မာ ချစ်ကြည်ရေးအဖြစ် ရုရှားပညာရှင်များနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်း၍ (၁၉၆၁-၁၉၆၂) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့၍ (၁၉၆၆-၁၉၆၇) ခုနှစ်တွင် ပြီးစီးခဲ့ပြီး တည်ဆောက်ပြီးခဲ့သည့်အချိန်မှ (၅၈)နှစ်တာကာလအတွင်း တမံရေပြည့်မှတ်သို့ ရောက်ရှိခဲ့ဖူးခြင်းမရှိပဲ ယခုရက်ပိုင်း မိုးရွာသွန်းမှုများပြားသဖြင့် စက်တင်ဘာ(၂၉)ရက်နေ့တွင် တမံ၏ ရေပြည့်မှတ် F.T.L (RL-937.00)ပေကို ကျော်လွန်ရောက်ရှိခဲ့ပြီး စက်တင်ဘာ(၃၀)ရက်နေ့ နံနက်(၉)နာရီတွင် ရေပြည့်မှတ် RL-937.10 ပေသို့ရောက်ရှိခဲ့ကာ၊ တည်ဆောက်ပြီးချိန်မှ နှစ်ပေါင်း(၆၀)နီပါး (၅၈)နှစ်အတွင်း ရေလှောင်တမံ၏ ရေပိုလွှဲ Crest မှ ပထမဆုံးအကြိမ်အဖြစ် အမြင့်ပေ (၀.၁၀)ပေခန့် ရေကျော် စီးဆင်းလျက်ရှိကြောင်း သိရသည်။
Sep 30,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား  လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 30,2025
မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၃ဝ ရက်နေ့ စက်တင်ဘာ ၃ဝ ရက်နေ့ နံနက် ၉ နာရီက မိတ္ထီလာမြို့ခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 30,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားမှုအ​ခြေအနေအား  လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 30,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက်၊ နံနက် ၁၀ နာရီက သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာများ၌ နံရံကပ်ဘုတ်များဖြင့် ကြေငြာပေးထားလျက်ရှိကြောင်း သိရသည်။