ပြည်မြို့လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တစ်ခုလုံး၌ တစ်လစာ လျှပ်စစ်မီးထွန်း ပူဇော်ရန်အတွက် စင်္ကာပူနိုင်ငံမှ အလှူရှင် Zi Ning Yang နှင့် Zi Xuan Yang မိသားစုတို့က လျှပ်စစ်မီးအလှူတော်ငွေ (နှစ်ဆယ့်တစ်သိန်း) ကျပ်တိတိကို ဩဂုတ် ၁၃ ရက်နေ့နံနက်ပိုင်းက ရွှေဆံတော်ဂေါပကအဖွဲ့ရုံးသို့ သဒ္ဓါတရားထက်သန်စွာ လာရောက်လှူဒါန်းကြောင်း သိရသည်။