ညောင်ဦး စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီက သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာများ၌ နံရံကပ်ဘုတ်များဖြင့် ကြေညာပေးထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကြော်ညာထားရှိမှုအား ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာကော်မရှင်အဖွဲ့ဝင်များက မဲရုံများအလိုက် လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်နှင့် မိမိအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေးအတွက် လျှောက်ထားရန်တို့အား ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တို့က ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်သည်။
ညောင်ဦးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ၊ ကျေးရွာများရှိ မဲရုံများတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိပြီဖြစ်ကြောင်း သိရသည်။
ဒီပါလင်း