မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၃ဝ

မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၃ဝ ရက်နေ့ စက်တင်ဘာ ၃ဝ ရက်နေ့ နံနက် ၉ နာရီက မိတ္ထီလာမြို့ခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြော ကြားသည်။  ထိုနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အ.ထ.က (၁) တွင် အောက်တိုဘာလ ၂၉ ရက်နေ့၌ ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

အဆိုပါ ပွဲတော်ကျင်းပနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် ဌာနဆိုင်ရာများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် ကိုယ်ပိုင်ကျောင်းများ တည်ထောင်သူအသင်းဥက္ကဋ္ဌတို့က လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ထိုနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက လုပ်ငန်းဆိုင်ရာများ ဆွေးနွေးကြသည့်အပေါ်တွင် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်‌ရေး ဆွေးနွေးလမ်းညွှန်ပြောကြားခဲ့သည်။ အဆိုပါ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏  ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ မြို့နယ်စာရေးအသင်း၊ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း‌ဆောင်ရွက်မှု စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ချမ်းသာ