ရပ်စောက် စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်လာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ကြော်ငြာဘုတ်များ၌ ကပ်ထားလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက်အတွက် မဲရုံ (၁၅) ရုံ၊ ကျေးရွာအုပ်စာမဲရုံ (၆၃) ရုံ၊ တပ်မဲရုံ (၉) ရုံ စုစုပေါင်း (၈၇) ရုံရှိပြီး ပြည်သူများအား ဆန္ဒမဲပေးပိုင်ခွင်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး မဲစာရင်းကပ်ထား ကြေညာချက်အမည်စာရင်းတွင် မိမိတို့အမည် ပါ၊ မပါ သွားကြည့်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက နှိုးဆော်တိုက်တွန်းကြေညာခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)