ပင်လုံ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားမှုအခြေအနေအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်း စတင်ကပ်ထားကြေညာပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည် စသဖြင့် မှားယွင်းနေပါက ပုံစံ၄(က)ဖြင့် ပြင်ဆင်ရမည်ဖြစ်သည်။ အထက်ပါပုံစံများအား ရပ်ကွက်/ကျေးရွာကော်မရှင်ခွဲများ ထံတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)