မြို့သစ် စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးပြပွဲကို ယနေ့နံနက်ပိုင်းက အ.မ.က(ဈေးရပ်)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ကျောင်းသား ကျောင်းသူများအား စာအုပ် စာစောင်များလာရောက် ငှားရမ်းဖတ်ရှုကြရန်အတွက် အသိပညာပေးဟောပြောပြီး စာအုပ် စာစောင်များနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ နံရံကပ်စာစောင်များပြသရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)