လားရှိုးမြို့ လူငယ်သင်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

လားရှိုး အောက်တိုဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လားရှိုးမြို့ လူငယ်သင်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့ညနေပိုင်းက  အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်လှူဒါန်းရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းတွင် စောင့်ရှောက်ထားရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများမှ စုပေါင်းလှူဒါန်းသည့် စုစုပေါင်းအလှူငွေကျပ် ၃၈၅၅၀၀၀ ကျပ်အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းကပေးအပ်လှူဒါန်းရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း လက်ခံရယူခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)