ကျိုင်းတုံမြို့နယ်ရှိ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား

ကျိုင်းတုံ အောက်တိုဘာ ၇

သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ ဘုရားကျောင်းကန်၊ စေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိသည်။

ကျိုင်းတုံမြို့နယ်အတွင်းရှိ မဟာမြတ်မုနိဘုရား၊ ရပ်တော်မူဘုရားနှင့် ဘုရားကျောင်းကန်၊ စေတီပုထိုးများတွင် ဥပုသ်သီလဆောက်တည်သူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ ကောင်းမှုကုသိုလ်များပြုသူများဖြင့် စည်းကားလျက်ရှိပြီး ကျိုင်းတုံမြို့နယ်၊ သံသရာအေးကျောင်းတိုက်နှင့် ပန်ကွဲတောင်အနီးရှိ ဗုဒ္ဓဥယျာဉ်တို့တွင် သံဃာ့ပဝါရဏာ(သိမ်ဆင်း)ဆွမ်းဆန်စိမ်းလောင်းလှူခြင်းပြုသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)