ရေနံချောင်းမြို့၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများဖြင့် စည်ကားများပြား

ရေနံချောင်း အောက်တိုဘာ ၆

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာ ၆ ရက်တွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ တန်ခိုးကြီးဘုရားစေတီများ၊ ရပ်ကွက် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများတွင် ဥပုသ်သီလဆောက်တည်ခြင်းများ ကုသိုလ်ဒါနပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ရေနံချောင်းမြို့နယ်၌ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မြတ်စွာဘုရားရှင်အား ရည်မှန်းကာ ဘုရားစေတီများ၌ ဆီမီးထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်း၊ အမွှေးနံ့သာများပူဇော်ခြင်း၊  ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူရှင်များက စတုဒိသာကျွေးမွေးခြင်း၊ သက်ကြီးဝါကြီး အဘိုးအဘွားများ၊ မိဘဆရာသမားများအား ကန်တော့ခြင်း၊ ရပ်ကွက် ဓမ္မာရုံများ၌ ဝတ်ရွတ်အသင်းများက ဝတ်ရွတ်ပူဇော်ခြင်းများဖြင့် ကုသိုလ်ပြုဆောင်ရွက်ကြကြောင်း တွေ့ရသည်။

မြို့နယ်ပြန်/ဆက်