အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိလ်များနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့လှူဒါန်းသည့် အလှူငွေများကို အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများမှ သက်ကြီးအဘွား ၃ ဦးထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Oct 08,2025
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် သီတင်းကျွတ်စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် အောက်တိုဘာလ(၄)ရက်နေ့မှ (၇)ရက်နေ့အထိ လေးရက်တိုင်တိုင် နေ့စဉ်နံနက် (၈)နာရီမှ ည(၁၀)နာရီအချိန်အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ အောက်တိုဘာလ(၇)ရက်နေ့ (ပွဲတော် နောက်ဆုံးနေ့) ညပိုင်းအချိန်တွင် ပွဲတော်သို့အပန်းဖြေလာရောက်လည်ပတ်ကြသူများအား မြန်မာတိုင်းရင်းသားရိုးရာ အကအလှများ၊ ခေတ်ပေါ်တေးဂီတများ၊ နိုင်ငံကျော်အနုပညာရှင်ကြီးများ၏ သီဆိုဖျော်ဖြေမှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်သူသောင်းနှင့်ချီ လွတ်လပ်ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
Oct 08,2025
ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြပါစို့ ဆိုင်းဘုတ်များကို လူစည်ကားရာ လွယ်ဘွာလ်းရပ်ကွက်ရိဒ်လမ်းခွဲလမ်းစုံနှင့် စကောလမ်းရပ်ကွက်လွတ်လပ်ရေးကျောက်တိုင် လမ်းစုံတို့တွင် ယနေ့နံနက် ၁၀ နာရီက စိုက်ထူသည်။
Oct 08,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ‌ ရွေးကောက်ပွဲကြီးတွင် လွှတ်တော်အသီးသီးတွင်မဲပေးနိုင်ရန်အတွက် ကျေးရွာများအရောက်  မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းလင်းပွဲများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနတွင် ပြုလုပ်သည်။
Oct 08,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက ဆီစားသုံးမှု ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် အောက်တိုဘာလ ပထမပတ်မှစပြီး မိုးနှောင်းမိုးဖြင့် ဆီထွက်သီးနှံ ဆောင်းနှမ်းများကို စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများထံမှ သိရသည်။  
Oct 08,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 08,2025
ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံ သန်လျင်ခရိုင် နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ်အခြေခံပညာအဆင့် ပန်းချီပြိုင်ပွဲကို အောက်တိုဘာ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းယုဇန‌ ဆောင်၌ ကျင်းပခဲ့သည်။