ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် သန်လျင်ခရိုင် ချစ်ကြည်ရေးပန်းချီပြိုင်ပွဲကျင်းပ

သန်လျင် အောက်တိုဘာ ၈

ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံ သန်လျင်ခရိုင် နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ်အခြေခံပညာအဆင့် ပန်းချီပြိုင်ပွဲကို အောက်တိုဘာ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းယုဇန‌ ဆောင်၌ ကျင်းပခဲ့သည်။

အဆိုပါ ပန်းချီပြိုင်ပွဲကျင်းပနေမှုအား သန်လျင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး တင်ကိုကို၊ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများက လိုက်လံကြည့်ရှု အားပေးကြသည်။

ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံ သန်လျင်ခရိုင်တို့ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ပန်းချီပြိုင်ပွဲသို့ သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် (၁၁)ဦး၊ အလယ်တန်းအဆင့်(၃၂)ဦး၊မူလတန်းအဆင့် (၁၁)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)