အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေ

တန့်ယန်း  ဇွန်  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ''သတင်းစကား'' လက်ကမ်းစာစောင်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းကျော်နှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ကျောင်းသား ကျောင်းသူများ၊ မြို့နယ်စည်ပင်သာယာစျေးနှင့် အမှတ်(၄)ရပ်ကွက်ရုံးရှေ့ ဗိုလ်ချုပ်လမ်းတို့၌ ပြည်သူများ အား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သိကောင်းစရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်သည်များ၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ် များတို့ကို ဖော်ပြထားကြောင်း   သိရသည်။ 

မင်းလွင်ဦး(ပြန်/ဆက်)