ကောလင်း ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းများအတွက် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း မျိုးစေ့များ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၂နာရီအချိန်က ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်းက မြေပဲ၊ နှမ်း၊ ပဲတီစိမ်း မျိုးစေ့များနှင့် ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးသော ချမ်းမြေ့မေ စပါးအကြောင်းနှင့် စိုက်ပျိုးနည်း အကြောင်း လက်ကမ်းစာစောင်များအားပေးအပ်ရာ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ် ရုံးများမှ မြို့နယ်ဦးစီးမှူးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး မြို့နယ်များမှ မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)