အင်္ဂပူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲပြုလုပ်

အင်္ဂပူ ဇွန် ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အင်္ဂပူမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်၊ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်၊ အင်္ဂပူမြို့နယ် ဦးစီးမှူး ဦးဇေမင်းမင်းနှင့် လူထုဗဟိုပြု စီမံကိန်းမှ ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက မန်ဂျန်ရှားနှင့် ကျွန်ပင်(၁၀၀)ပင်တို့အား စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)