စစ်ကိုင်း ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးများနှင့်အတူ ယမန်နေ့ နံနက်(၈)နာရီအချိန်က စစ်ကိုင်းမြို့နယ် မာလဲတောကျေးရွာရှိ မိုးပျံနဂါး ဘက်စုံ မွေးမြူရေးခြံသို့ရောက်ရှိရာ တာဝန်ရှိသူများက နွား၊ ဝက်၊ ကြက်များမွေးမြူထားရှိမှု၊ ဒေသခံတောင်သူများ အလုပ်အကိုင်အခွင့်ရရှိမှု၊ လျှပ်စစ်မီးရရှိသုံးစွဲနေမှု၊ မွေးမြူရေးအတွက် ဆရာဝန်များခန့်ထားဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည် များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အုန်းတောကျေးရွာ သဇင်ပန်း ကြက်မွေးမြူရေးခြံ၊ ကျောက်ဆည်ကျေးရွာ ဦးစန်းယု၏ ဝက်မွေးမြူရေးခြံ တည်ဆောက်နေမှု၊ ကြယ်သုံးပွင့် အများအကျုံးဝင် စီးပွားရေး ဂေဟစနစ် ငရုတ်သီး စက်ရုံသို့ သွားရောက်ကြည့်ရှူ့ စစ်ဆေးရာ တာဝန်ရှိသူအသီးသီးတို့က လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ဒေသခံပြည် သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ငရုတ်သီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှူ့ စစ်ဆေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့များသည် မြင်းမူ မြို့နယ်၊ ထီးဆောင်းကျေးရွာရှိ ဒေသနွား မျိုးထိန်း/ မျိုးပွားနှင့်တိရစ္ဆာန်အစာဖွံ့ဖြိုးရေးသုတေသန ခြံသို့ ရောက်ရှိရာ တာဝန်ရှိသူများက နွားမွေးမြူထားရှိမှုနှင့် နွားမျိုး ဆက်ပြန့် ပွားပေးမှု၊ အစားအစာများ ရရှိနေမှုအခြေအနေများ၊ အလုပ်သမားဆိုင်ရာကိစ္စရပ်များ၊ ဆက်လက်လုပ်ကိုင် ဆောင်ရွက် သွားမည့် လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့များသည် မြောင်မြို့၊ မြို့တော် ခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းပြီး လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ထွန်းက ဒေသဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများက မိမိတို့ဌာနများ၏ လုပ်ငန်း တာဝန်ထမ်းဆောင်နေမှုနှင့် တာဝန်ထမ်းဆောင်လုပ်ကိုင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အဆင်ပြေချော မွေ့စေရန် ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်
ဇော်မြင့်နိုင်