တမူးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃၈)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

တမူး ဇွန် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်း ယမန်နေ့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သူများနှင့် ထိတွေ့ဆက်စပ်သူများ၊သံသယရှိ ပြည်သူ (၁၀၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ(Test Kit) ဖြင့်စစ်ဆေးခဲ့ရာ (၃၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

တမူးမြို့၊ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင်ယနေ့နံနက်(၈)နာရီမှ (၁၀)နာရီအထိ ပြည်သူ (၁၀၁) ဦးအား စစ်ဆေးခဲ့ရာ (၃၅)ဦးတို့ တွင်လည်းကောင်း၊ မင်းသာကျေးရွာ တိုက်နယ် ဆေးရုံ တွင် (၄)ဦးစစ်ဆေးရာ (၃)ဦးတို့တွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေး တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

တမူးခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှု ခံယူလျက်ရှိသော လူနာများမှ တမူးမြို့ ပြည်သူ့ဆေးရုံတွင် (၁၈)ဦး၊ မင်းသာကျေးရွာ တိုက်နယ်ဆေးရုံတွင် (၁)ဦး၊ မြို့သစ်မြို့ တိုက်နယ်ဆေးရုံတွင် (၆)ဦး စုစုပေါင်း(၂၅) ဦးတို့သည် ကျန်းမာရေးအခြေအနေ ပြန်လည် ကောင်းမွန် လာသဖြင့် ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

တမူးခရိုင်အတွင်း ဇွန်လ(၂၇) ရက်နေ့ အထိဆေးကုသမှုခံယူနေသော  ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအားစောင့်ကြပ် ကုသမှုအနေဖြင့် တမူးမြို့ ကုတင်(၁၀၀)ဆံ့ပြည်သူ့ ဆေးရုံနှင့်  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် (၂၈၆)ဦး၊ မင်းသာကျေးရွာ တိုက်နယ် ဆေးရုံတွင် (၃၈)ဦးနှင့် မြို့သစ်မြို့ တိုက်နယ်ဆေးရုံတွင်  (၂၇)ဦး စုစုပေါင်း (၃၅၁) ဦးတို့သည် သက်ဆိုင်ရာဆေးရုံအသီးသီးတွင် ဆေးကုသမှုခံယူနေကြဆဲဖြစ်ပြီး လည်းကောင်း တို့၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း တမူးခရိုင်ကျန်းမာရေး ဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။                                 

ကျော်ကြီး