Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး Talk Show ကျင်းပ
Jul 09,2021
ဇူလိုင်က ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးTalk Show ကို ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Jul 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဒေါပုံမြို့နယ် အတွင်းရှိ လူစည်ကားရာနေရာ များဖြစ်သော မြို့သစ်ရပ်ကွက်ရှိ ဒေါပုံဈေး၊ ဇေယျာ သီရိရပ်ကွက်ရှိ ရတနာဈေး၊ နွယ်အေးရပ်ကွက်ရှိ သီတာနွယ်လမ်းနှင့် ရွှေနှင်းဆီလမ်း၊ ဗမာအေးရပ်ကွက်ရှိ ရွှေဖူးမျှော်လမ်းနှင့် ဗိုလ်ချုပ်လမ်းမကြီး တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် လိုက်လံကြေညာပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့၌ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုနှုန်း မြင့်တက်လာသဖြင့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင် များအား ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်၍ စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ၁၂ ဦးထပ်မံတွေ့ရှိ
Jul 09,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ တန်းမြင့်ကျောင်း ရပ်ကွက်မှ မ(၁)ဦး၊ မင်းတည်းကျေးရွာမှ ကျား(၄)ဦး၊ တဲယာကျေးရွာမှ ကျား(၁)ဦး၊ ဝဲလောင်ကျေးရွာမှ ကျား(၁)ဦး၊ မ(၄)ဦး၊ ဘူတာကုန်းရပ်ကွက်မှ မ(၁)ဦးတို့သည် ဖျားနာပြီးအနံ့မရသဖြင့် ကိုဗစ်-၁၉ ရောဂါသံသယရှိသဖြင့် မြို့နယ် ပြည်သူ့ ဆေးရုံ၌ RDT Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့ နှလုံးသားပရဟိတ လူမှုကူညီရေးအသင်းမှ ပိုးသတ်ဆေး လိုက်လံဖျန်းပေးခြင်းဆောင်ရွက်
Jul 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နှလုံးသားပရဟိတ လူမှုကူညီရေး အသင်းမှ ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်များတွင် ပိုးသတ်ဆေးအခမဲ့ ဖျန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၇ နာရီက ရန်ကုန်-ပြည်လမ်း စျေးလမ်းဆုံတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းဆောင်ရွက်
Jul 09,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ဒေသနေ ကိုယ်ဝန်ဆောင် မိခင်များ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့က မြိုင်ကြီးငူအထူးဒေသ ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင် များအား ကျန်းမာရေး စောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန် ပရိတ် တရားတော်များ မြို့တွင်းလှည့်လည်ရွတ်ဖတ်ပူဇော်
Jul 09,2021
ကမ္ဘာတစ်ဝန်းကူးစက် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော ကမ္ဘာ့ကပ်ရောဂါဆိုး ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန် အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ မြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီက အန္တရာယ်ကင်း ပရိတ်တရားတော်များကို မြို့တွင်းလှည့်လည် ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26419
Page
26420
Page
26421
Page
26422
Current page
26423
Page
26424
Page
26425
Page
26426
Page
26427
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department