အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက်  အခြေခံပညာကျောင်းများအား ယနေ့မှစတင်၍ ယာယီ ပိတ်ထားကြောင်း သိရသည်။
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့် တက်လျက်ရှိရာ ယမန်နေ့ ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၄၈)ဦးထိ ရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ် ပြန်ချက်အရ သိရ သည်။
Jul 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြရွှေဝါအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ဇူလိုင်လ ၈ ရက်နေ့က ကိုဗစ်− ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၁)ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှ   သိရသည်။
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူကို သက်ဆိုင်ရာ Quarantine Center များ၌ Swab နမူနာယူစစ်ဆေးလျက်ရှိ‌ရာ ဇူလိုင် ၈ ရက်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၁၄)ဦး ထပ်တိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
Jul 09,2021
ရသေ့တောင်မြို့နယ် သဘာဝဘေး အန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အန္တ ရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရေးရည်ရွယ်ပြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက တောင်ရင်းတန်း ရပ်ကွက် ပရဟိတဂေဟာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုသော သံဃာတော် များနှင့် သီလရှင်များအား ဝတ္ထုငွေများဆက်ကပ် လှူဒါန်းခြင်းကို ဇူလိုင်လ ၉ရက်နေ့ နံနက် ၉နာရီက ကျောင်းတိုက်များသို့ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့သည်။
Jul 09,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း အရည်အသွေး ကောင်းမွန်သောစံပြကွက်များ ဖြစ်စေရေးအတွက် ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ၊ ကွင်းအမှတ်(၁၇၆-ခ)ရှိ လယ်ယာ မြေဧက(၁၅ဝ) ကိုစက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများအဖြစ် ၂၀၂၁ ခုနှစ်၊ မေလ(၁)ရက် နေ့မှ စတင်၍ ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ယနေ့အထိ အဆိုပါကျေးရွာတွင် စနစ်ကျလယ်ယာ မြေဖော်ထုတ်မှုအနေဖြင့် ရှစ်ဆယ် ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း ထန်းတပင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနနမှ သိရသည်။