Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြင်ဦးလွင်ခရိုင်အား ကစားကွင်းအတွင်း ဖွင့်လှစ်ထားရှိသော ကိုဗစ်-၁၉ရောဂါ ကုသရေး Center သို့ အလှုရှင်များမှ ကျန်းမာရေးအသုံး အဆောင်ပစ္စည်းများနှင့် အဟာရဖြည့်စွက်အစာ…
Jul 09,2021
ပြင်ဦးလွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ပြင်ဦးလွင်ခရိုင် အားကစားကွင်းအတွင်းရှိ ခန်းမဆောင်များတွင် သီးသန့် အဆာင်များဖြင့် တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ရောဂါကုသရေး Center ကို ထပ်မံတိုးချဲ့ဖွင့်လှစ် ကုသလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံး မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေ
Jul 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက လောင်းလုံး မြို့နယ်အတွင်းရှိ မြို့မစျေးနှင့် လမ်းဆုံနေရာများ၌ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြစိမ်းရောင် စီမံကိန်းချေးငွေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်အညီ အိမ်တိုင်လာရောက် ထပ်မံထုတ်ချေးပေး
Jul 09,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် မြစိမ်းရောင်စီမံကိန်းကျေးများ၏ အတိုး၊ အရင်းပြန်လည်ပီးဆပ်ပြီး ပြားသား သုခမြိုင် ကျေးရွာ၌ ငါးကြိမ်မြောက် မြစိမ်းရောင်စီမံကိန်း ချေးငွေများကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်လာရောက် ထပ်မံထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် အထူးအလေးထားဆောင်ရွက်
Jul 09,2021
မိုးရာသီကာလ၌ ဖြစ်ပွားမှု အများဆုံးဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက် ရောဂါများ မဖြစ်ပွားစေရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြည်သူ့ကျန်းမာရေး ဌာန တောင်ပိုင်းခရိုင်မှူး ဒေါက်တာအောင်ကိုဦး ဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန် ရှိသူများသည်
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ် အတွင်းရှိ ကျောင်းများအား ယာယီပိတ်ထား
Jul 09,2021
သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ထပ်မံဖြစ်ပွားလျက်ရှိသည့်အတွက် ကျောင်းများကို ဇူလိုင် ၉ ရက်မှစ၍ ခေတ္တယာယီပိတ်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၃)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Jul 09,2021
ပင်လုံမြို့၊ ရပ်ကွက်(၂)၊ ရွှေပြည်သာတွင် နေထိုင်သူ ယမန်နေ့ နေ့လည်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သည့် အမျိုးသားနှင့် ထိတွေ့မှုရှိခဲ့သော ပင်လုံမြို့ရပ်ကွက်(၃) တွင်နေထိုင်သည့် ၎င်း၏ယောက္ခမတော်စပ်သူမိသားစု (၄)ဦးအား ယမန်နေ့ည (၇:၀၀) နာရီအချိန် က ပင်လုံမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက RDT Test Kit ဖြင့်စစ်ဆေးရာ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦး၊ စုစုပေါင်း (၃)ဦး တို့ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့် ကျန်မိသားစုဝင် (၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၁၀)ဉီးထပ်မံတွေ့ရှိ
Jul 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးထိတွေ့ခဲ့သည့် ပြည်သူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေ့လျားရှာဖွေစနစ်ဖြင့် ကိုဗစ် -၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ဇူလိုင်လ(၉)ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသား(၇)ဉီးနှင့် အမျိုးသမီး(၃)ဉီး စုစုပေါင်း(၁၀)ဉီးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများမှ (၆) ဦးကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိ
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာများမှ (၆)ဦး ကျန်းမာစွာဖြင့် ဆေးရုံမှဆင်းခွင့်ရရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26418
Page
26419
Page
26420
Page
26421
Current page
26422
Page
26423
Page
26424
Page
26425
Page
26426
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department