ညောင်ဦး ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၌ ယနေ့ နံနက် ၉ နာရီအချိန်က အပြင်ထွက်သည့်လူတိုင်း Mask တပ်ဆင်သွားလာစေရေ Mask Campaign ပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
ညောင်ဦးမြို့ မဏိစည်သူဈေးကြီးအတွင်းနှင့် ဘုန်းစဉ်အခွန်လွတ် ဈေးတွင်း ဈေးပြင်အတွင်း ဈေးရောင်းဈေးဝယ်များနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှု အဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ ညောင်ဦးမြို့ စည်ပင်အမှုဆောင်အရာရှိ ဦးတင်မြင့်၊ ညောင်ဦးမြို့နယ် ရဲမှူးစိုးလွင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မီးသတ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လူတိုင်း နှာခေါင်းစည်း Mask တပ်ဆင် သွားလာစေရေး တို့အား တတိယမြောက်နေ့အဖြစ် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့် ဦးဆောင်သော Mask Campaign လှုပ်ရှား မှု အဖြစ်ဆက်လက်၍ ပုဂံမြို့သစ်ဈေး၊ မြင်းကပါးဈေးနှင့် လမ်းဆုံလမ်းခွ၊ မီးပွိုင့်များတွင် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း Mask များ ဆက်လက်ဖြန့်ဝေ၍ Campaign ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ကိုထိန်၊KPD