Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းဆတ်မြို့၌ ဆိုလာလမ်းမီးတိုင်များ တပ်ဆင်ခြင်းဆောင်ရွက်
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်နှင့် ညအချိန်ဖြတ်သန်းသွား လာသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဆိုလာလမ်းမီးတိုင်များ တပ်ဆင်ခြင်းလုပ်ငန်း ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့အဝင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်
Jul 13,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာများရှိ လာသည့်အတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဝါးဘိုးတော - ကမမောင်း - ဖာပွန်ကားလမ်းပေါ်ရှိ ကမမောင်းမြို့အဝင်အထွက်တွင် ကျန်းမာရေး အတွက် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ (ပိုးတွေ့)အတည်ပြုလူနာများ ထားရှိကုသမှုခံယူရန် နေရာအခက်အခဲရှိလာနိုင်မှုကြောင့် မြို့နယ်အားကစားရုံ၌ ကြိုတင်ပြ…
Jul 13,2021
ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ဖြစ်ပွားနေမှုအခြေအနေအရ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ရောဂါ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီဟုသိရှိရပြီး မျိုးဗီဇပြောင်းလဲလာသော ရောဂါပိုး (ကူးစက်ပိုး)ဝင်ရောက်ပြန့်နှံ့မှုရှိနေကြောင်း ဓာတ်ခွဲအတည်ပြုချက်များအရ သိရှိပြီး ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာ(၁)ဦးစတင်တွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်အမှတ်(၂)ရပ်ကွက်တွင် HomeQuarantineထားရှိ သည့် အမျိုးသားတစ်ဦးအား ယနေ့နံနက်က RDTtestkitဖြင့် ပထမအကြိမ်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက IDPs Camp နေမိသားစုများ စားသောက်မှုအဆင်ပြေစေရေး ဆန်အိတ်များထောက်ပံ့
Jul 13,2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသည်နှင့်အမျှ IDPs စခန်းနေမိသားစုများ နေထိုင် စားသောက်မှု အဆင်ပြေစေရေးအတွက် မြစ်ကြီးနား မြို့နယ်အတွင်းရှိ IDPs စခန်းများသို့ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် ဆန်အိတ်များကို သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူ(၂)ဦး ရောဂါပိုးထပ်မံတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ရဲကင်းစခန်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က အမျိုးသမီး(၁)ဦးသည် အသက်ရှုကြပ်ရောဂါဖြစ်သဖြင့် ဆိုက်ခေါင်တိုက်နယ်ဆေးရုံတွင် သွားရောက်စစ်ဆေးမှုခံယူခဲ့ရာ Rapid Test Kit ဖြင့် စစ်ဆေးမှုအရ Covid-19 Positive အဖြေထွက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ပြည်နယ် ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်…
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်တွင် Covid-19 ရောဂါ ကူးစက် ပြန့်ပွားမှုများ မရှိစေရန် ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်တွင် (၂၂၄၇၆၆)ဦး၊ ဒုတိယအကြိမ်တွင် (၂၀၂၈၅၅)ဦး ထိုးနှံပြီးစီးခဲ့ ကြောင်း၊ ပထမအကြိမ်ထိုးနှံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ(၇)ရက်နေ့မှစ၍ ဌာနဆိုင်ရာ ဝန်ထမ်းများ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့အထိ (၈၄၃၅) ဦးထိုးနှံပြီး ယခုတတိယလှိုင်းကာလတွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၂၄)ရက်နေ့တွင် ပထမအကြိမ်၊ ဇူလိုင်(၅)ရက်နေ့တွင် ရှမ်းပြည်နယ် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူးဖြင့် ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ Home Quarantine ထားရှိသူများအား RTD ဖြင့်စစ်ဆေးရာ ပိုးမတွေ့
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် Home Quarantine (HQ)ထားရှိသူများအနက် ယနေ့နံနက်ပိုင်းက ပထမအကြိမ်စစ်ဆေးမည့် မ(၂)ဦး၊ ဒုတိယအကြိမ် စစ်ဆေးမည့် ကျား(၃)ဦးနှင့် မ(၃)ဦး စုစုပေါင်း(၈)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RTD Test Kit ဖြင့် စစ်ဆေးခဲ့ရာ ပိုးမတွေ့(Negative)အဖြေ ထွက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26378
Page
26379
Page
26380
Page
26381
Current page
26382
Page
26383
Page
26384
Page
26385
Page
26386
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department