အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြည်သူ့ဆေးရုံ တွင် ကိုဗစ်- ၁၉ရောဂါပိုး ရှိ/မရှိကိုစစ်ဆေးရာတွင် (၁၄-၇-၂၀၂၁)ရက်နေ့တွင် (၁၆)ဦးကို စစ်ဆေးခဲ့ရာတွင် ကိုဗစ် -၁၉ ရောဂါပိုး (၃)ဦးတွေ့ရှိခဲ့သည်။
Jul 15,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ဈေးဆိုင်များနှင့် ကားဂိတ်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ လိုက်လံ စစ်ဆေးမှုကို ယမန်နေ့ညနေပိုင်းက မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ အဖွဲ့မှ လိုက်လံစစ်ဆေးသတိပေးခြင်းများပြုလုပ်ခဲ့ကြသည်။
Jul 15,2021
လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအား စတင်ကြည့်ရှု ကုသပေးလျက်ရှိသည့်အပြင် ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမနှင့် ပညာရေးကောလိပ် စောင့်ကြည့်ကုသဆောင်များတွင် စောင့်ကြည့်ကုသပေးလျက်ရှိသည်။
Jul 15,2021
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးတင်သန်းဝင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ လိုက်ပါလျှက် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် မုံရွာမြို့၊ ပြည်သူ့အားကစား ကွင်းအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူများနှင့် ထိစပ်ခဲ့သူများထားရှိမည့် Quarantine Center သို့ရောက်ရှိကြသည်။
Jul 15,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်က လေပြင်း တိုက်ခတ်မှုကြောင့် တာချီလိတ် အခြေခံပညာအထက်တန်းကျောင်းတွင် ပျက်စီးမှုများရှိခဲ့ ကြောင်းသိရသည်။
Jul 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန် က ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့က တည်းခိုခန်းနှင့် လူအသွားအလာများသောနေရာတို့တွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဇူလိုင်၁၄ ရက်က ကိုဗစ်-၁၉ရောဂါပိုးရှိသူ (၁၂)ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။