မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် တာချီလိတ်အခြေခံပညာအထက်တန်းကျောင်း အဆောက်အဦများပျက်စီး

တာချီလိတ် ဇူလိုင် ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်က လေပြင်း တိုက်ခတ်မှုကြောင့် တာချီလိတ် အခြေခံပညာအထက်တန်းကျောင်းတွင် ပျက်စီးမှုများရှိခဲ့ ကြောင်းသိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် သရဖီနှစ်ထပ်ဆောင်မှာ အမိုးလန်ပျက်စီးခဲ့ခြင်း၊ ထို့ပြင် မြို့နယ် ပညာရေးမှူးရုံးပေါ်၌ သစ်ကိုင်းများကျိုးကျမှုကြောင့် ရုံး၏အမိုးပျက်စီးခဲ့ခြင်း၊ ကျောင်း ဝင်းအုတ်တံတိုင်းများပျက်စီးခြင်းနှင့် မော်တော်ယာဉ်တစ်စီး အနည်းငယ်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

ယာဆေး