စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမောင်မောင်လင်း မုံရွာမြို့၊ ပြည်သူ့အားကစား ကွင်းအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် ထိစပ်ခဲ့သူများထားရှိမည့် Quarantine Center အား ကြည့်ရှုစစ်ဆေး

မုံရွာ ဇူလိုင် ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးတင်သန်းဝင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ လိုက်ပါလျှက် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် မုံရွာမြို့၊ ပြည်သူ့အားကစား ကွင်းအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူများနှင့် ထိစပ်ခဲ့သူများထားရှိမည့် Quarantine Center သို့ရောက်ရှိကြသည်။

 

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိသူများ သည် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမနှင့် ဖူဆယ် အားကစားရုံအတွင်း ကိုဗစ်-၁၉ ရောဂါ ထိစပ်လူနာများထားရှိမည့် Quarantine Center ပြင်ဆင် ဆောင်ရွက်ထားရှိမှု များအားလှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

           

မုံရွာမြို့တွင် (၂၇-၅-၂၀၂၁)ရက်နေ့မှ (၁၃-၇-၂၀၂၁)ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာ စုစုပေါင်း(၄၅၉)ဦး၊ ကုသဆဲလူနာ (၃၂၈)ဦး၊ ဆေးရုံဆင်းလူနာ(၉၁)ဦးနှင့် သေဆုံးလူနာ(၄၀)ဦး ရှိပြီး Treatment  Center ထားရှိမှုအနေဖြင့် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် (၆၀)နေရာ၊ မုံရွာတက္ကသိုလ် ဆေးရုံတွင် (၂၉)နေရာ၊ မုံရွာတိုင်းရင်းဆေးရုံတွင် (၃၁)နေရာနှင့် မုံရွာစီးပွားရေးတက္ကသိုလ်တွင် (၂၀၈)နေရာနှင့် COVID-19 ရောဂါ ထိစပ်လူနာများထားရှိမည့် Quarantine Center များအနေဖြင့် မုံရွာမြို့ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် (၆၅)နေရာ၊ ဖူဆယ် အားကစားရုံတွင် (၇၀)နေရာနှင့် ရက်ကန်းသင်တန်းကျောင်းတွင် (၃၆)နေရာ ပြင်ဆင်ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး