မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ(၁၂)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

မိုင်းပျဉ်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဇူလိုင်၁၄ ရက်က ကိုဗစ်-၁၉ရောဂါပိုးရှိသူ (၁၂)ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့အဝင်/အထွက်ကျန်းမာရေးစ်ဆေးရေးဂိတ်တွင် ခရီးသွားလာသူများအား စစ်ဆေးမှုများပြု လုပ်စဉ်ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၁၁)ဦးနှင့် မိုင်းပျဉ်းမြို့Quarantine Center တွင် အသွားအလာ ကန့်သတ်ထားရှိသူ(၁)ဦး၊ စုစုပေါင်း(၁၂)ဦးထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအား မိုင်းပျဉ်းမြို့ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်၌ ထားရှိ၍ ဆေးကုသမှုပေးနေပြီး ၎င်းတို့နှင့်ထိတွေ့ခဲ့သူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့ ၌ ဇွန်လ၃၀ရက်မှ ဇူလိုင်၁၄ရက်အထိ ကိုဗစ်အတည်ပြုလူနာ (၄၆)ဦးထိရှိိပြီ ဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ်