Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်း/ ဈေးဝယ်သူများနှင့် ပြည်သူလူထုများအား နှာခေါင်းစည်း Mask များဖြန့်ဝေ
Jul 18,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့မသားငါးဈေးများရှိ ဈေးရောင်း၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ယနေ့ နံနက် ၈ နာရီအချိန် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်နှင့် Quarantine Centerများ ကြိုတင်ပြင်ဆင်ထားရှိမှု ကွင်းဆင်းစစ်ဆေး
Jul 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး နှင့် Quarantine Centerများ ထားရှိခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာတွင် တစ်နေ့လျှင် အောက်စီဂျင် ၄ဝ လီတာအိုး ၁၂၀အိုး ဖြည့်တင်းပေးနိုင်မည့် အောက်စီဂျင်စက်ရုံစတင်ဆောက်လုပ်လျက်ရှိ
Jul 18,2021
မိတ္ထီလာတွင် တစ်နေ့လျှင် အောက်စီဂျင် ၄ဝ လီတာအိုး ၁၂ဝ အိုး ဖြည့်တင်းပေးနိုင်မည့် အောက်စီဂျင်စက်ရုံကို အောင်ဇေယျာရပ်ကွက် မြို့ဦးကျောင်းတိုက်တောင်ဘက်ရှိ မြေနေရာတွင် စတင်ဆောက်လုပ်လျက်ရှိကြောင်း မိတ္ထီလာမြို့ဦးဆောင်စေတနာရှင်များအဖွဲ့ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့မဈေး အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဆိုင်များမှလွဲ၍ အခြားဆိုင်များ အားလုံး ခေတ္တယာယီပိတ်သိမ်း
Jul 18,2021
ပဲခူးတိုင်းဒေသကြီးပဲခူးခရိုင်၊ ညောင်လေးပင်မြို့မဈေး၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးတို့တွင် ရောင်းချနေသော အခြေခံစားသောက်ကုန်နှင့် ဆေးဝါးဆိုင်များမှလွဲ၍ အခြားလူသုံးကုန် ပစ္စည်းရောင်းချသော ဆိုင်များအား ယနေ့မှစ၍ ခေတ္တယာယီ ပိတ်သိမ်းထားရန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့ရှိ ရပ်ကွက်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jul 18,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြို့အတွင်းရှိ ရပ်ကွက်များ၌ လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေး အတွက် Mask မတပ်ဆင်သူများကို ဒဏ်ငွေရိုက်ခြင်းများ ဆောင်ရွက်
Jul 18,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချူပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ အသိပညာပေးရေးနှင့် သတင်းစုဆောင်း ထုတ်ပြန်ရေး ကော်မတီများ ပူးပေါင်းအဖွဲ့ဝင်များသည် အဖွဲ့(၂)ဖွဲ့ခွဲကာ ဦးဥတ္တမခန်းမရှေ့ ဘူးသီးတောင်-မောင်တော သွားရာကားလမ်း၊ အနောက်ကွင်းဈေးရှေ့နှင့် လမ်းစုံလမ်းမများ၌ လှည့်လည်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်စက် (Oxygen Generator) ဝယ်ယူနိုင်ရန် အလှူငွေ သိန်း(၅၀)လှူဒါန်း
Jul 18,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်စက် (Oxygen Generator) ဝယ်ယူနိုင်ရန် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ် လွယ်ဝမ်ကောင်းကျေးရွာ မီးဘေးသင့်အိမ်ထောင်များအား ထောက်ပံ့
Jul 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် လွယ်ဝမ်ကောင်းကျေးရွာ၌ မီးဘေးသင့် အိမ်ထောင်စုများအား အမှတ်(၇)ရပ်ကွက်မှ ဦးထွန်းညို မိသားစုက ထောက်ပံ့ငွေနှင့် အဝတ်အထည်များကို ယနေ့နံနက်ပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26352
Page
26353
Page
26354
Page
26355
Current page
26356
Page
26357
Page
26358
Page
26359
Page
26360
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department