လဲချားတွင် ကိုဗစ် -၁၉ရောဂါ ပိုးတွေ့လူနာသုံးဦးထပ်မံစစ်ဆေးတွေ့ရှိ

လဲချား ဇူလိုင် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြည်သူ့ဆေးရုံ တွင် ကိုဗစ်- ၁၉ရောဂါပိုး ရှိ/မရှိကိုစစ်ဆေးရာတွင် (၁၄-၇-၂၀၂၁)ရက်နေ့တွင် (၁၆)ဦးကို စစ်ဆေးခဲ့ရာတွင် ကိုဗစ် -၁၉ ရောဂါပိုး (၃)ဦးတွေ့ရှိခဲ့သည်။

အဆိုပါ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိပြီး ကြပ်မတ်ကုသပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)