Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်
Jul 16,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်မှုအဖြစ် ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် စားသောက်ဖွယ်ရာများနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
Jul 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း ဆောင်ရွက်ကြရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် စားသောက်ဖွယ်ရာ များနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်- ၁၉ ကပ်ရောဂါ ကင်းဝေးစေရန်အတွက် တကောင်းမြို့တွင်း၊ မြို့ပြင် အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်
Jul 16,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင်း/ပြင်ရှိ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ကပ်ရောဂါ ကင်းဝေးစေရန် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ယမန်နေ့ ညနေ ၅နာရီက မြို့တွင်း၊ မြို့ပြင် လှည့်လည် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ လူနာသစ် (၆)ဦးထပ်မံတွေ့ရှိ
Jul 16,2021
တကောင်းမြို့၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်- ၁၉ရောဂါတွေ့ရှိသူနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများအား ပထမအကြိမ် RTD Kit ဖြင့် (၁၄)ဦးအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ ( ၆ )ဦးထပ်မံတွေ့ရှိခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးအတည်ပြုလူနာသစ် (၇၃) ဦးထပ်မံတွေ့ရှိ
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် Facility Quarantine Centre, Hotel Quarantine များ၌ သွားလာမှုကန့်သတ်ထားရှိသူများနှင့် အနံ့ပျောက်၍လာရောက်ပြသသူများ စုစုပေါင်း (၂၃၂)ဦးကို ယမန်နေ့က RDT ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိအတည်ပြုလူနာသစ်(၇၃)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပတုံ့ ပြန်ရေး ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
Jul 16,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင်ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာ ပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့မွန်းလွဲ၁နာရီခွဲက မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူရှင်များမှ အလှူငွေများလှူဒါန်း
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန် အတွက် ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်ချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ သို့ ယနေ့ နံနက် ၁၀ နာရီအချိန်က အလှူငွေများ လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံမှ အသွားအလာကန့်သတ်ထားရှိသူ တိုးချဲ့(၂)လမ်းမှ အမျိုးသမီး တစ်ဦး ဆေးရုံမှဆင်းခွင့်ပြု
Jul 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ဆောင်အတွင်း၌ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ စစ်ဆေးတွေ့ရှိသူ တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် -တိုးချဲ့(၂)လမ်းမှ အသက်(၄၀)နှစ်အရွယ်အမျိုးသမီးတစ်ဦးအား အသွားအလာကန့်သတ်၍ Ficility Quarantine ထားရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများအတိုင်း ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုပေး လျက် ရှိရာ ယနေ့ ဇူလိုင်လ ၁၆ ရက် နေ့ နံနက်၁၁နာရီ၃၀အချိန်တွင်ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ်ရက် ပြည့်မြောက်ပြီဖြစ်သဖြင့် ဆေးရုံမှ နေအိမ်သို့ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26332
Page
26333
Page
26334
Page
26335
Current page
26336
Page
26337
Page
26338
Page
26339
Page
26340
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department