တကောင်း ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင်း/ပြင်ရှိ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ကပ်ရောဂါ ကင်းဝေးစေရန် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ယမန်နေ့ ညနေ ၅နာရီက မြို့တွင်း၊ မြို့ပြင် လှည့်လည် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ထိုသို့ရွတ်ဖတ်ပူဇော်ရာတွင် မြို့ပေါ် ဘုန်းကြီးကျောင်းများရှိ သံဃာတော် (၁၁)ပါးတို့မှ မော်တော်ယာဉ် ( ၃ ) စီးဖြင့် မြို့ပေါ်ရှိရပ်ကွက်များနှင့် တကောင်းလမ်းဆုံထိ အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည်လည် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။