တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် စားသောက်ဖွယ်ရာများနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

တန့်ယန်း  ဇူလိုင်  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း ဆောင်ရွက်ကြရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် စားသောက်ဖွယ်ရာ များနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။

မြို့နယ်ပြည်သူ့ဆေးရုံနှင့် အမှတ်(၂)ရပ်ကွက် ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတို့တွင် ကုသနေသူများအတွက် စစ်ဗျူဟာအဖွဲ့(အခြေချ)(တန့်ယန်း)မှ ကြက်ဥပြုတ် (၅၀၀)လုံးကိုလည်းကောင်း၊ အမှတ်(၄)ရပ်ကွက် ဦးအိုက်ငို့+ဒေါ်အေးဖိန် (ပန်ဝိုင်မိသားစု)မှ သောက်ရေသန့် ကဒ်(၆၀)ကိုလည်းကောင်း၊ ပန်ဆန်းမြို့နေ ဦးအောင်နိုင်ဦး+မအိဖြူဖြူခင် မိသားစုမှ Oxygen Flow Meter (၃)ခုကိုလည်းကောင်း၊ တရုတ်လူငယ်အဖွဲ့မှ Oxygen Flow Meter(၄)ခု၊ နှာခေါင်းပိုက်(၃၀)ခု၊ Oxygen Face Mask(၈)ခု၊ အမှိုက်အိတ်(၃)ဖါတို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ မြို့နယ်ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှ ​ဒေါက်တာရီရီထွေးနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။ 

မင်းလွင်ဦး(ပြန်/ဆက်)