အမြို့မြို့အနယ်နယ်သတင်းများ

Jul 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါပိုးကူးစက်ခံသူ(၉)ဦး ထပ်မံ တွေ့ရှိခဲ့ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ယမန်‌နေ့ညနေ သတင်းထုတ်ပြန်ချက် အရ သိရသည်။
Jul 17,2021
မြန်မာတို့၏ ရှေးဆိုရိုးစကားမှာ "လှည်းနှင့်လှေ မပျောက်သရွေ့ ရိုးရာယဉ်ကျေးမှု မပျောက်နိုင်" ဟူသည့် ဆိုရိုးစကားအတိုင်း မြန်မာတို့သည် နွားလှည်းနှင့် လှေများကို ဟောင်းနွမ်း စေကာမူ ပျက်စီးမှု မရှိစေဘဲ မိဘ ဘိုးဘွားများ အသုံးပြုခဲ့ကြသည့် ပစ္စည်းများအဖြစ် တန်ဖိုးထားကာ ပြုပြင်မွမ်းမံ၍သော်လည်းကောင်း၊ အသစ်တဖန် တည်ဆောက်ခြင်းဖြင့်လည်းကောင်း ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက် ရှိကြပြီး ထိုလှည်းနှင့်လှေ န
Jul 17,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၁၆)ဦးအား ကျန်းမာရေးကောင်းမွန်လာပါသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
Jul 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ တတိယလိုင်း စတင်ခဲ့သော ဇွန်လကုန်မှစ၍ အတည်ပြု လူနာများကို ကုသပေးလျက်ရှိရာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရသူများ ယမန်နေ့ကအထိ စုစုပေါင်း ၁၃၀ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
Jul 17,2021
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး တတိယလှိုင်းအဖြစ် ကူးစက်မှုများရှိနေပြီး၊ ကူးစက်မှုနှုန်း မြင့်မားလျက်ရှိကာ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ် (၃၀၇)ဦး ထပ်မံကူးစက်ခံ ရပြီး တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ပေါင်း (၄၄၀၆)ဦး အထိရှိလာ ကြောင်း ယနေ့ညနေပိုင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
Jul 17,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့်ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
Jul 17,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်စင်တာများ အတွက် ပြည်ပမှ တင်သွင်း လာသော ဆေးရုံသုံး အောက်ဆီဂျင်ဓါတ်ငွေ့ရည် ၂၀ တန်တင်ဆောင်လာသည့် ပထမကားတစ်စီး မှာ ဇူလိုင် ၁၅ ရက် ည ၈ နာရီတွင်လည်းကောင်း ဒုတိယကားတစ်စီးမှာ ဇူလှိုင် ၁၆ ရက် နံနက် ၃ တွင်လည်းကောင်း ရန်ကုန်သို့ ရောက်ရှိလာသည်။