ဝေါလေမြိုင် ဇူလိုင် ၁၆
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်မှုအဖြစ် ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် နယ်မြေမီးသတ် တပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖြန်းခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်မျိုးသင်း