တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံမှ အသွားအလာကန့်သတ်ထားရှိသူ တိုးချဲ့(၂)လမ်းမှ အမျိုးသမီး တစ်ဦး ဆေးရုံမှဆင်းခွင့်ပြု

တနင်္သာရီ ဇူလိုင်လ ၁၆

 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ဆောင်အတွင်း၌ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ စစ်ဆေးတွေ့ရှိသူ တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် -တိုးချဲ့(၂)လမ်းမှ အသက်(၄၀)နှစ်အရွယ်အမျိုးသမီးတစ်ဦးအား အသွားအလာကန့်သတ်၍  Ficility Quarantine ထားရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများအတိုင်း ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုပေး လျက် ရှိရာ ယနေ့ ဇူလိုင်လ ၁၆ ရက် နေ့ နံနက်၁၁နာရီ၃၀အချိန်တွင်ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ်ရက် ပြည့်မြောက်ပြီဖြစ်သဖြင့် ဆေးရုံမှ နေအိမ်သို့ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

 

ယင်းသို့ ဆေးရုံမှ ဆင်းခွင့်ပြုရာတွင်မြို့နယ်ပြည်သူ့ဆေးရုံလက်ထောက် ဆရာဝန်ဒေါက်တာ အောင်ချမ်းသာ၊ သူနာပြုအုပ်ဆရာမကြီး ဒေါ်ဥမ္မာမျိုးနှင့် ဆရာမများ၊ ချောင်းကြီးရပ်ကွက်အုပ်ချုပ်

ရေးမှူး ဦးတိုးဝင်းတို့ တက်ရောက်ကာ ဒေါက်တာအောင်ချမ်းသာမှ လက်မှတ်ရေးထိုးထားသော ဆေးရုံမှ ဆင်းခွင့်ပြုကြောင်း ထောက်ခံချက်အားပေးအပ်၍ မြို့နယ်ပြည်သူ့ဆေးရုံမှ လူနာတင် မော်တော်ယာဉ်ဖြင့် ၎င်း၏ နေအိမ်အထိ လိုက်ပါပို့ဆောင်ပေးပြီး ဆေးရုံမှ ဆင်းသည့်နေ့မှ စ၍ (၇)ရက်အထိ မိမိနေအိမ်အတွင်း အသွားအလာကန့်သတ်၍ (Home Quarantine)အဖြစ် သီးခြားနေထိုင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေး နည်း လမ်းများအတိုင်း တိကျစွာလိုက်နာနေထိုင်ပါရန် အသိပေးမှာကြားခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေး ရုံမှ သတင်းရရှိသည်။

 

နန်းသာရီ-ထိန်ဝင်း