တကောင်း ဇူလိုင် ၁၆
တကောင်းမြို့၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်- ၁၉ရောဂါတွေ့ရှိသူနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများအား ပထမအကြိမ် RTD Kit ဖြင့် (၁၄)ဦးအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ ( ၆ )ဦးထပ်မံတွေ့ရှိခဲ့ ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့လူနာများမှာ အမှတ် (၂ )ရပ်ကွက်မှ အသက် (၄၀)နှစ်ရှိ အမျိုးသမီး( ၁ )ဦး၊ အမှတ် ( ၃ )ရပ်ကွက်မှ အသက် (၃၅)နှစ်ရှိ အမျိုးသား (၁)ဦးနှင့် အသက် (၃၄)နှစ်ရှိအမျိုးသမီး (၁)ဦး၊ တကောင်းလမ်းဆုံနေ
အသက် (၆၅)နှစ်ရှိ အမျိုးသမီး ( ၁)ဦး၊ အင်ပျံကျေးရွာနေ အသက် (၄၀)နှစ်နှင့် အသက်(၂၇)နှစ်ရှိ အမျိုးသမီး (၂)ဦးတို့ဖြစ်ပြီး ပို့တွေ့လူနာများအား ကုသရေးစင်တာ (တကောင်းတိုက်နယ်ဆေးရုံဟောင်း)၌ ဆေးကုသ မှုခံယူ လျက်ရှိသည်။
တကောင်းမြို့၌ ယနေ့အချိန်ထိ ပိုးတွေ့လူနာ စုစုပေါင်း (၁၈)ဦးရှိပြီး ဖြစ်ကြောင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှု ကော်မတီ ထံမှ သိရသည်။