ကျောက်ဆည် ၊ဩဂုတ်၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား များ အား နိုင်ငံတော်မှတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ယနေ့နံနက်၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသားလူမှူရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ်အရ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၁၄၉)ဦးအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ၊ ဒုတိယသုံးလပတ်အတွက် တစ်ဦးလျှင်ငွေကျပ် (၃၀၀၀၀)နှုန်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကျောက်ဆည်မြို့နယ်အနေဖြင့်ရပ်ကွက်/ ကျေးရွာ အုပ်စု(၉၇)အုပ်စုမှ သက်ကြီးဘိုးဘွား(၁၁၄၉)ဦးအား ထောက်ပံ့ပေးအပ်နိုင်ရေး စုစုပေါင်း ငွေ ကျပ်( ၃၄၄၇၀၀၀၀ )ကိုရပ်ကွက်/ ကျေးရွာအုပ်ချုပ်မှူးများထံသို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများနှင့် စာရေးဝန်ထမ်းများမှအသက် (၈၅)နှစ် အထက်သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်လျက် ရှိကြောင်းသိရသည်။
တင်တင်ထွေး