ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုတွင် အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများနှင့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ပလောက်  ဩဂုတ်  ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုတွင် ကာကွယ်ဆေး မထိုးနှံရသေးသော သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၈)နာရီ အချိန်က ပြည်ခြားကျေးရွာ၊ ခရစ်ယာန် ဘုရား ကျောင်း ဓမ္မာရုံ၌ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးရုံတပ်စု(ပလောက်)မှ ဆရာဝန်သူနာပြု(၅)ဦးနှင့် ပြည်သူ့ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်သည်။ 

ပြည်ခြားကျေးရွာအုပ်စု အတွင်းရှိကျေးရွာများအတွက် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး  Vero-Cell (၁၅၀)လုံးကို ရရှိ၍ တစ်လုံးလျှင်လူ(၂)ဦး နှုန်းဖြင့် စုစုပေါင်း(၃ဝ၀)ဦး အား ဆေးထိုးနိုင်မည်ဖြစ်ရာ အဆိုပါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို  ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ပရဟိတအဖွဲ့များကကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာသို့ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၊ ပလောက်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်စိုးသိမ်းမြင့်နှင့်  ပလောက်တပ်နယ်မှ တာဝန် ရှိသူများက လာရောက် ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်